Monday, January 14, 2013

Gmail တစ်ခုရဲ့ IP address ကိုရှာခြင်း

ခုရေးတဲ့ပိုစ့်လေးကတော့ ဗဟုသုတလည်း အဖြစ်ရေးလိုက်တာပါ။သိပြီးသား လို့လည်းထင်ပါတယ်..မသိ
သေးတဲ့သူတွေအတွက်အဓိကရည်ရွယ်ပြီးရေးပေးတာပါ။။ကျွန်တော်တို့ဆီကိုပို့ပေးတဲ့မေလ်းတစ်စောင်ဟာ ဘယ်နိုင်ငံကပို့တာလဲ ဘယ် ip ကပို့တာလည်းဆိုတာသိချင်ရင်တော့ ခုအောက်ကပေးထားတဲ့ပုံစံအတိုင်း လုပ်ကြည့်ပါ။


1.ပထမဆုံးမိမိရဲ့ Gmail ကိုအရင်ဝင်ပါ။
2.မိမိဆီပို့ထားသော mail ကိုဖွင့်ပါ။
3.ပြီးလျင် ညာဘက်ထောင်တွင်ရှိသော  reply button ဘေးတွင် more option ရှိပါသည်။
၎င်းအား နှိပ်ပါ။ပြီးလျင် ကျလာသော list ထဲမှ show original ကိုရွှေးပါ။
4.
ပုံတွင်ပါရှိသော အနီဖြင့်ဝိုင်းပြထားသော မြားပြထားသော
Received: from mr.google.com ([10.58.253.132])  ip address
သည် မိမိတို့အားပေးပို့သော မေလ်းပို့သည့်နေရာ ရဲ့ ip address ဖြစ်ပါသည်။
အဆင်ပြေပါစေခင်ဗျာ.... 

No comments:

Post a Comment

ဒီနေရာမှာလိုအပ်တာလေးများ ပြောခဲ့ပါ...

facebook မှသူငယ်ချင်းများ